Passport Information

Requirements for Renewal of Passport

Requirements for Attestation

Download Income Tax Form

Download Passport Renewal Form

Download CV for New Passport

Download Citizenship Form

Download Bio Data Form

Download Photo Requirements

Download Sample of Photo

ပြည်ပရောက် မြန်မာနိုင်ငံသားများအတွက် မြန်မာနိုင်ငံကူးလက်မှတ် ကိစ္စဆောင်ရွက်ခြင်းနှင့် အခြားကောင်စစ်ဆိုင်ရာ ကိစ္စများအတွက်လမ်းညွှန်ချက်

၁။ ၂၀၀၉ခုနှစ်၊ မေလ (၇)ရက်နေ့တွင် ကူဝိတ်နိုင်ငံ၊ ကူဝိတ်မြို့တွင် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်သံရုံးကို စတင်ဖွင့်လှစ်ချိန်မှ မြန်မာသံရုံးအနေဖြင့် ကူဝိတ်နိုင်ငံနှင့် ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံများတွင် အကြောင်းကိစ္စအမျိုးမျိုးဖြင့် ရောက်ရှိနေထိုင်လုပ်ကိုင်လျက်ရှိသည် မြန်မာ နိုင်ငံသားများ ၏ နိုင်ငံကူးလက်မှတ်ကိစ္စများနှင့် အခြားကောင်စစ်ဆိုင်ရာ ကိစ္စရပ်များကို လိုအပ်သကဲ့သို့ ဆောင်ရွက် ပေးလျက် ရှိပါသည်။

၂။ ယင်းသို့ဆောင်ရွက်ပေးရာတွင် ပိုမိုထိရောက်လျင်မြန်စွာနှင့် မြန်မာနိုင်ငံသားများ၏အကျိုး ပိုမိုဆောင်ရွက်ပေးနိုင်ရန်အတွက် ဒေသတွင်းနိုင်ငံများရှိ မြန်မာနိုင်ငံသားများ အနေဖြင့် မြန်မာသံရုံးသို့ ဆောင်သွယ်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံကူးလက်မှတ် အသစ် လဲလှယ်ခြင်းအတွက် အောက်ပါ အတိုင်း ဆောင်ရွက်သွားရန် ဖြစ်ပါသည်-

နိုင်ငံကူးလက်မှတ်အသစ်ထုတ်ပေးခြင်း

လိုအပ်ချက်များ
(၁) သက်တမ်းတိုးပုံစံလျှောက်လွှာ၊
(၂) နိုင်ငံကူးလက်မှတ်မူရင်းနှင့်မိတ္တူ၊
(၃) ကိုယ်ရေးရာဇဝင်ကိုပြည့်စုံစွာဖြည့်စွက်ရန်လိုပါမည်။ ပြည့်စုံမှုမရှိပါက ဆောင်ရွက်မှုများတွင်
အချိန် ကြန့်ကြာမှုများရှိနိုင်ပါသည်။ လိပ်စာနေရာတွင် လက်ရှိနေထိုင်သည့် နိုင်ငံရှိ နေရပ် လိပ်စာ အတိအကျကိုဖော်ပြပေးရန်၊
(၄) နေထိုင်ခွင့်ဗီဇာမိတ္တူ၊ Civil ID Copy၊
(၅) နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူ၊
(၆) သန်းခေါင်စာရင်းမိတ္တူ (ပုံစံ-၁၀)၊
(၇) ဓါတ်ပုံသုံးပုံ (with soft copy) (ဓါတ်ပုံ၏ကျောဘက်တွင်ကာယကံရှင်အမည်ရေးသားရန်)၊
(၈) Machine Readable Passport အသစ်ထုတ်ပေးခြင်းအတွက် ကူဝိတ်ဒီနာ ၈.၀၀၀ (ပုံသေ)၊
(၉) စာရွက်စာတမ်းကြေး/ Form Fees အတွက် ကူဝိတ်ဒီနာ ၁.၀၀၀ (ပုံသေ)၊
(၁၀) အခြေခံလစာဖော်ပြထားသည့် ကုမ္ပဏီမှစာ (မူရင်း) နှင့် မိတ္တူ၊
(၁၁) နိုင်ငံကူးလက်မှတ်ကို အဆင့်အတန်းပြောင်းလဲလိုပါက လျှောက်လွှာ၊
(ဥပမာ၊ အလည်အပတ်(PV) မှ အလုပ်အကိုင် (PJ)သို့ပြောင်းလဲလိုခြင်း)

နိုင်ငံကူးလက်မှတ်ကျသင့်ငွေများပေးပို့ခြင်း

၃။ မြန်မာသံရုံးသို့ နိုင်ငံကူးလက်မှတ်ခ နှင့် ကောင်စစ်ဆိုင်ရာ ဆောင်ရွက်ခများ ပေးပို့ရာတွင် အောက်ဖော်ပြပါ မြန်မာသံရုံးငွေစာရင်းပါ အချက်အလက်များအပြည့်အစုံ ဖော်ပြ၍ ဘဏ်ဝန်ဆောင်ခ ကူဝိတ်ဒီနာ ၂.၀၀၀/- နှင့်အတူထည့်သွင်းပေးပို့သွားကြရန် နှင့် ကောင်စစ်ကိစ္စဆောင်ရွက်မည့်သူ၏ အမည်ကိုဖော်ပြရန်ဖြစ်ပါသည်-

ACCOUNT NAME : EMBASSY OF THE UNION OF MYANMAR, KUWAIT
Kuwait Dinar Current Account No. 2002228366
National Bank of Kuwait (Head Office Branch)
IBAN No. KW87NBOK0000000000002002228366
Swift Code. NBOK KW KW

နိုင်ငံကူးလက်မှတ်များနှင့်စာရွက်စာတမ်းများပေးပို့ခြင်း

၄။ နိုင်ငံကူးလက်မှတ်နှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများအား အောက်ဖော်ပြပါအတိုင်း စီစဉ်ဆောင်ရွက်ပေးပို့ရန် ဖြစ်သည် –

Embassy of the Republic of the Union of Myanmar

EMBASSY ADDRESS : Villa#35, Street 203, Block 2, Al-Salaam Area, South Surra, State of Kuwait.
OFFICE TEL : (965) 25240736 Fax:(965) 2524 0749
E-MAIL ADDRESS : [email protected]

WORKING HOURS : 08:00 a.m to 14:00 p.m (GMT +3hrs) Consular & Visa 09:00 to 13:00
WEEKEND HOLIDAY : Friday & Saturday
(က) စာရွက်စာတမ်းများအား မိမိယုံကြည်စိတ်ချရသည့် အမြန်ချောပို့ဖြင့် သံရုံးသို့ အရောက် ပေးပို့ရန်ဖြစ်သည်။(DHL/FedEx)
(ခ) ယင်းသို့ပေးပို့ရာတွင် မိမိအသုံးပြုသည့် အမြန်ချောပို့လုပ်ငန်းသည် အသွား/အပြန် အတွက်
စီစဉ်ဆောင်ရွက်နိုင်ပါကမိမိဘက်မှစီစဉ်ဆောင်ရွက်ရန်ဖြစ်ပါသည်။
(ဂ) ပြန်လည်ပေးပို့ရန် အဆင်မပြေသူများအတွက် မြန်မာသံရုံးမှ စီစဉ် ပြန်ပို့ပေးရန် အတွက်စာရွက်
စာတမ်းခပေးပို့ရာတွင် လူ(၁)ဦး (နိုင်ငံကူးလက်မှတ်၂အုပ်(အဟောင်း+အသစ်) အတွက်သာ အနည်းဆုံးသတ်မှတ်နှုန်း ကူဝိတ်ဒီနာ ၁၁.၀၀၀/- ဖြင့် ပြန်လည်ပေးပို့ နိုင်၍ လူ(၂)ဦးစာထက် ပိုမိုပါက နိုင်ငံကူးလက်မှတ်(၆)အုပ်အထိ ကူဝိတ်ဒီနာ ၂၅.၀၀၀ မှ ၂၆.၀၀၀ အတွင်းပိုမို ကျခံရပါမည်။
(ဃ) ဘဏ်သို့ ငွေပေးသွင်းပြီးပါက ငွေသွင်းပြေစာအား scan ဖတ်၍ e-mail/Fax ဖြင့် ပို့ပေးရန်၊
ငွေသွင်းပြေစာတွင် မည်သူမှ မည်သူအတွက်ပေးသွင်းသည်ကိုဖော်ပြရန်၊
(င) စာရွက်စာတမ်းများ ပြန်လည်ပေးပို့ရာတွင် မြန်ဆန်ထိရောက်စွာဖြင့် ပျက်စီးပျောက်ဆုံးမဖြစ်
ပေါ်စေရန် Contact Name, Company, Address, Mobile No. & e-mail တို့အား စာအိတ်အလွတ်တစ်ခု (သို့မဟုတ်) စာရွက်အလွတ်ပေါ်တွင်တိကျစွာရေးသား၍ ထည့်ပေးပါရန်၊

အထူးသတိပြုရန်အချက်

၅။ ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာသံရုံးအနေဖြင့် အတတ်နိုင်ဆုံးလျင်မြန်စွာ
ဆောင်ရွက်ပေးမည်ဖြစ်ရာ မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့နှင့် သက်ဆိုင်သော ကောင်စစ် ကိစ္စရပ်များအတွက်အောက်ပါအတိုင်းဆောင်ရွက်သွားကြရန်ဖြစ်သည်-

(က) စာရွက်စာတမ်းပေးပို့မှုနှင့် ကောင်စစ်ဆိုင်ရာ အခကြေးငွေများ ပေးပို့မှုတို့ အတွက် သံရုံးသို့
ကိုယ်တိုင်ဆက်သွယ်ဆောင်ရွက်ကြရန်၊
(ခ) မြန်မာသံရုံးမှ ဆောင်ရွက်ပြီးစီးမှုကို ဆောင်ရွက်ပြီးစီးနိုင်မည့် ခန့်မှန်းကာလ တွင်သံရုံးသို့
ကိုယ်တိုင်ဆက်သွယ်မေးမြန်း၍ ပြန်လည်ရယူရေးအတွက် စာပို့လုပ်ငန်းနှင့် ဆက်သွယ်ရန်၊
(ဂ) နိုင်ငံကူးလက်မှတ်ရှိ အမည်၊ ပေးပို့သူအမည် နှင့်ငွေလွှဲပို့သူအမည် စသည့် အမည် (၃)မျိုးစလုံး
တူညီမှုရှိမှသာဆောင်ရွက်ပေးပါမည်။
(ဃ) မြန်မာသံရုံးသည် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားကို ဦးထိပ်ထား ဆောင်ရွက်ပေးမည်
ဖြစ်သည်။ မြန်မာနိုင်ငံသားများအပေါ် အမြတ်ထုတ် မတရား အကျိုးစီးပွားရှာခြင်းမှကင်းလွတ် စေရေးအတွက် တစ်ဆင့်ခံ ကြားပွဲစားများ/ ကိုယ်စားလှယ်များဖြင့် ဆောင်ရွက်မှုများ ကို လုံးဝ (လုံးဝ) ဆောင်ရွက်ပေးမည်မဟုတ်ပါ။
(င) မြန်မာနိုင်ငံသားများအနေဖြင့်လည်း မြန်မာသံရုံးနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် အသိပေးအပ်ပါသည်။

နိုင်ငံကူးလက်မှတ်အဟောင်းများပြန်လည်အပ်နှံခြင်း

၆။ မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် အသစ်ရရှိပြီး (၃)လအတွင်း နိုင်ငံကူး လက်မှတ် အဟောင်းအား သက်ဆိုင်ရာ မြန်မာသံရုံးသို့ စာနှင့်တကွ အမည်/လိပ်စာ/ဖုန်းနံပါတ်/e-mail ပြည့်စုံစွာ ဖော်ပြ၍ပြန်လည်အပ်နှံရမည် ဖြစ်သည်။ သို့ပါ၍ နိုင်ငံကူးလက်မှတ်အဟောင်းမှ ဗီဇာသက်တမ်းအား နိုင်ငံကူးလက်မှတ်အသစ်သို့ ပြောင်းရွှေ့ပြီးပါက သံရုံးသို့ နိုင်ငံကူးအဟောင်းများ မပျက်မကွက် ဆောလျင်စွာပြန်လည်အပ်နှံကြရန်အသိပေးအကြောင်းကြားအပ်ပါသည်။

မြန်မာသံရုံး
ကူဝိတ်မြို့
ရက်စွဲ၊ ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်

ဝင်ငွေခွန်တွက်ချက်နည်း ( နမူနာ )

ဝင်ငွေခွန်
မြန်မာနိုင်ငံစတင်ထွက်ခွာလာသည့်နေ့ မှ 18 AUG 2011 အထိ (________ လ)
လစာ AED_______x_______ လ x ၁၀ % (ပုံသေ) = AED _______
19 AUG 2011 မှ DEC 2011 အထိ (4½ လ) (အခွန်%လျှော့သတ်မှတ်ကာလ)
လစာ AED_______x(4½ လ) လ x ၂ % (ပုံသေ) = AED _______
ဒဏ်ကြေး ၁ % (ပုံသေ)
မြန်မာနိုင်ငံစတင်ထွက်ခွာလာသည့်နေ့ မှ 2011 March အထိ (_____ လ)
လစာ AED______ x_______ လ x ၁ % = AED 5 _______
——————-
ဝင်ငွေခွန်နှင့် ဒဏ်ကြေးစုစုပေါင်း AED _________
Exchange Rate (1AED = 0.078 KD) (ဘာရိန်း 1BD=0.78KD ၊ အိုမန် 1OMR=0.75KD၊ ကာတာ1QR=0.079KD၊ စသည်ဖြင့် နိုင်ငံအလိုက် Exchange Rate များပြောင်းလဲမှု ရှိနိုင်ပါသည်)
AED _______ x 0.078 KD(Exchange Rate) KD __________/-
(အနီးစပ်ဆုံး KD =________/-)

Kuwaiti Dinar ဖြင့် ဝင်ငွေခွန် ကျသင့်ငွေ KD
ဝင်ငွေခွန်ထမ်းဆောင်ခြင်း
၃။ ပထမဦးဆုံးဝင်ငွေခွန်ပေးဆောင်သူများအတွက်

လိုအပ်ချက်များ
(၁) အခြေခံလစာဖော်ပြထားသည့် ကုမ္ပဏီမှစာ (မူရင်း) နှင့် မိတ္တူ
(၂) လျှောက်လွှာ
(၃) ကိုယ်ရေးရာဇဝင်
(၄) ဓါတ်ပုံတစ်ပုံ
(၅) နိုင်ငံကူးလက်မှတ် မူရင်းနှင့် မိတ္တူ

မြန်မာသံရုံး / ပြည်တွင်းအခွန်များ ဦးစီးဌာနတို့၌ ယခင်ဝင်ငွေခွန်ထမ်းဆောင်ဖူးသူများ

လိုအပ်ချက်များ
(၁) ယခင်ထမ်းဆောင်ခဲ့သည့် ဝင်ငွေခွန် ပြေစာ/ထောက်ခံချက် မူရင်း/မိတ္တူ
(၂) လျှောက်လွှာ
(၃) ကိုယ်ရေးရာဇဝင်
(၄) ဓါတ်ပုံတစ်ပုံ
(၅) နိုင်ငံကူးလက်မှတ် မူရင်းနှင့် မိတ္တူ
[မှတ်ချက်။ မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်၍ ပြည်ပ၌ အလုပ်လုပ်နေသူ အားလုံးသည် သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ် (ဧပြီ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ) အလိုက် ပြည်ထောင်စုမြန်မာနိုင်ငံတော်သို့ ဝင်ငွေခွန် ထမ်းဆောင်ရန် တာဝန်ရှိပါသည်။ နှစ်လွန် ဘဏ္ဍာရေးနှစ်များအတွက်ဒဏ်ကြေးငွေ ပေးဆောင်ရပါမည်။]

ဝင်ငွေခွန်တွက်ချက်နည်း နမူနာ
ဝင်ငွေခွန်
မြန်မာနိုင်ငံစတင်ထွက်ခွာလာသည့်နေ့ မှ 18 AUG 2011 အထိ (________ လ)
လစာ AED_______x_______ လ x ၁၀ % (ပုံသေ) = AED _______
19 AUG 2011 မှ DEC 2011 အထိ (4½ လ) (အခွန်%လျှော့သတ်မှတ်ကာလ)
လစာ AED_______x(4½ လ) လ x ၂ % (ပုံသေ) = AED _______
ဒဏ်ကြေး ၁ % (ပုံသေ)
မြန်မာနိုင်ငံစတင်ထွက်ခွာလာသည့်နေ့ မှ 2011 March အထိ (_____ လ)
လစာ AED______ x_______ လ x ၁ % = AED 5 _______
——————-
ဝင်ငွေခွန်နှင့် ဒဏ်ကြေးစုစုပေါင်း AED _________
Exchange Rate (1AED = 0.078 KD) (ဘာရိန်း 1BD=0.78KD ၊ အိုမန် 1OMR=0.75KD၊ ကာတာ1QR=0.079KD၊ စသည်ဖြင့် နိုင်ငံအလိုက် Exchange Rate များပြောင်းလဲမှု ရှိနိုင်ပါသည်)
AED _______ x 0.078 KD(Exchange Rate) KD __________/-
(အနီးစပ်ဆုံး KD =________/-)
(က) Kuwaiti Dinar ဖြင့် ဝင်ငွေခွန် ကျသင့်ငွေ KD _________

Goverment Websites
Embassy Websites

Contact Us

THE STATE OF KUWAIT

Villa # 35, Street 203, Block 2, Al-Salaam Area, South Surra, Kuwait.

Embassy Location Map

Embassy Photo

OFFICE HOURS: SUNDAY to THURSDAY from 8:00 to 14:00

Consular & Visa Hours: SUNDAY to THURSDAY from 9:00 to 13:00

(except Office Holidays)

ပုံမှန်ရုံးလုပ်ငန်းကိစ္စများအတွက် ရုံးဖွင်.ရက် ၌ ရုံးချိန်အတွင်း ဆက်သွယ်ပါရန်။

Announcement of Myanmar Embassy Facebook Account

HOT LINE NUMBERS (IN CASE OF EMERGENCY FOR MYANMAR CITIZENS)

+ 965 25240736

Hot Line 22215150 for Expat Worker in Kuwait (ဖတ်ရှုလေ့လာရန်။)

CURRENT TIME
အဂတိလိုက်စားမှုများ တိုင်ကြားရန်