Notice for Myanmar Citizen Services

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မြန်မာသံရုံး၊ ကူဝိတ်မြို့၊ ကူဝိတ်နိုင်ငံ။

EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR
STATE OF KUWAIT (GMT+3:00)
VILLA#35, ST.203, BLOCK 2, AL-SALAAM AREA, SOUTH SURRA, KUWAIT
Tel: 00 (965) 2524 0736, 2521 6869
Fax: 00 (965) 2524 0749
E-mail: This email address is being protected from spambots. You need JavaScript enabled to view it.
Website: www.mekuwait.org

*Kindly check Visa Hours, (Kuwait's Time) and Official Holidays before you contact and come to Embassy.

Consular Office Hours:    Sunday to Thursday 09:00 to 13:00
                             (except office holidays)

 EMBASSY ACCOUNT Number for Consular Fees

EMBASSY OF THE UNION OF MYANMAR, KUWAIT
Kuwait Dinar Current Account No. 2002228366
National Bank of Kuwait (Head Office Branch)
IBAN No. KW87NBOK0000000000002002228366
Swift Code. NBOK KW KW

ရုံးဖွင့်ရက်/အချိန်။    တနင်္ဂနွေနေ့မှ ကြာသပတေးနေ့
                                 (အစိုးရရုံးပိတ်ရက်များမှ အပ)
                                 နံနက် (၀၉:ဝဝ) နာရီမှ နေ့လည် (၁၃:ဝဝ) နာရီ အထိ

ရုံးပိတ်ရက်။။           သောကြာနေ့ နှင့် စနေနေ့
                               (အစိုးရရုံးပိတ်ရက်များ အပါအဝင်)

မြန်မာသံရုံးနှင့် ဆက်သွယ်ရာ၌ လုပ်ငန်းမြန်ဆန်စေရန် လမ်းညွှန်ချက်

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (သံတမန်၊ အထူး၊ သာမန်) နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတိုင်း ပြည်ပ၌ မိမိရောက်ရှိနေရာ နိုင်ငံရှိ မြန်မာသံရုံး (သို့မဟုတ်) နီးစပ်ရာ နိုင်ငံရှိ မြန်မာနိုင်ငံသံရုံးသို့ လူကိုယ်တိုင် (သို့မဟုတ်) မှတ်ပုံတင်စာဖြင့် သံအမတ်ကြီး၊ မြန်မာသံရုံး၊ ……..မြို့သို့ လိပ်မူပေးပို့၍ အောက်ပါအချက်များနှင့် အညီ သတင်းပို့ကြရန် တာဝန်ရှိပါသည်-

(က)  အမည် ( မြန်မာ၊ အင်္ဂလိပ် )
(ခ)    မွေးသက္ကရာဇ်၊   (ရက်၊ လ၊ ခုနှစ်)    အသက်
(ဂ)    မြန်မာနိုင်ငံကူးလက်မှတ်အမှတ်နှင့် ထုတ်ပေးရက်စွဲ (မိတ္တူနှင့်အတူ)
(ဃ)  လက်ရှိ အလုပ်အကိုင်၊ ရာထူး၊ လစာ၊ အလုပ်ဌာန လိပ်စာ၊ ဖုန်း၊ e-mail
(င)    လက်ရှိနေထိုင်ရာ လိပ်စာ၊ ဖုန်း၊ လက်ကိုင်ဖုန်း၊ e-mail
(စ)    မြန်မာနိုင်ငံရှိ နေရပ်လိပ်စာ အပြည်‌့အစုံ
(ဆ)  ဇနီး/ခင်ပွန်း၊ သားသမီးဆိုင်ရာ၊ သားသမီး၏ ပညာရေးဆိုင်ရာ အချက်အလက်များ
(ဇ)  www.mekuwait.org မှ ကိုယ်ရေးပုံစံကို download ရယူ၍ မှန်ကန်ပြည်‌့စုံစွာ ဖြည့်စွက်လျက် မိတ္တူ (၂)စုံ၊
       ဓါတ်ပုံ (၂) ပုံနှင့်အတူ မှတ်ပုံတင်စာဖြင့် ပေးပို့ပါ။

အထက်ပါ အချက်များနှင့်အညီ သက်ဆိုင်ရာမြန်မာသံရုံးသို့ သတင်းပေးပို့ပြီး မှတ်ပုံတင်စာရင်းပေးသွင်း၍ ဖိုင်ဖွင့်ထားမှသာ လိုအပ်ချိန်၌ သံရုံးနှင့် ဆက်သွယ်လျင် (သို့မဟုတ်) သံရုံးမှ ဆက်သွယ်လိုလျင် ပိုမို လွယ်ကူစေနိုင်မည် ဖြစ်ပါသည်။
၂။ မြန်မာသံရုံးသို့ မဆက်သွယ်မီ ဦးစွာ www.mekuwait.org ၌ ကောင်စစ်ကိစ္စ၊ ဗီဇာကိစ္စ၊ မြန်မာနိုင်ငံသားအကျိုးကိစ္စ စသည်ဖြင့် ကြည့်ရှုလေ့လာပါ။
ကဏ္ဍအလိုက် ညွှန်ကြားချက်များ၊ သတ်မှတ်ပုံစံများနှင့် အညီ ပြည်‌့စုံစေရန် ကိုယ်တိုင် ဆောင်ရွက်ပါ။
သံရုံးဖွင့်ရက်၊ ရုံးချိန်၊ သံရုံးပိတ်ရက်တို့ကို ကြိုတင် သိရှိထားရန် လေ့လာပါ။
၃။ မိမိဆောင်ရွက်လိုသော ကိစ္စအတွက် အထက်ပါ Website ၌ ကဏ္ဍအလိုက် ညွှန်ကြားချက်များ၊ သတ်မှတ်ပုံစံများနှင့် အညီ ပြည်‌့စုံစေရန် ကိုယ်တိုင် ဆောင်ရွက်ပါ။ မရှင်းလင်းပါက သက်ဆိုင်သူ ကိုယ်တိုင် e-mail (သို့မဟုတ်) Phone/Fax ဖြင့် ဆက်သွယ်မေးမြန်းပါ။ ညှိနှိုင်း တိုင်ပင်ဆွေးနွေးပါ။ (သက်ဆိုင်သူ ကိုယ်တိုင် ဆက်သွယ် ဆောင်ရွက်မှသာ အချိန်ကုန်၊ စရိတ်ကုန် သက်သာပါမည်။)
၄။ မြန်မာသံရုံးသို့ လူကိုယ်တိုင် လာရောက်ရန် လိုအပ်ပါက ဖုန်းဖြင့် ကနဦး ဆက်သွယ်၍ ရုံးဖွင့်ရက် ဟုတ်/မဟုတ်၊ တာဝန်ခံအရာရှိမှ လက်ခံတွေ့ဆုံနိုင်ခြင်း ရှိ/မရှိ စုံစမ်းလျက် appointment လုပ်ပြီးမှ လာရောက်တွေ့ဆုံပါ။
၅။ ကြိုတင် ဆက်သွယ်ချိန်းဆိုမှုမရှိဘဲ လာရောက်ခြင်း၊ ရုံးချိန်နောက်ပိုင်းနှင့် သံရုံးပိတ်ရက်၌ လာရောက်ခြင်း တို့ကြောင့် အချိန်ကုန်၊ စရိတ်ကုန်၊ လူပင်ပန်း ဖြစ်ရခြင်း အတွက် သံရုံး၌ တာဝန်မရှိပါ။
၆။ တစ်ဆင့်ခံ/ကြားခံလူဖြင့် ဆက်သွယ်ဆောင်ရွက်သဖြင့် ဖြစ်ပေါ်ရသော မပြည်‌့စုံမှုများ၊ အဆင်မပြေမှုများ၊ နှောင်‌့နှေးကြန့်ကြာမှုများ၊ အချိန်ကုန်၊ စရိတ်ကုန်မှုများ၊ ပျောက်ဆုံး/ ပျက်စီးမှုများအတွက် သံရုံး၌ တာဝန်မရှိပါ။
၇။ မြန်မာသံရုံးအနေဖြင့် မိမိနိုင်ငံသားများအား ကူညီစောင့်ရှောက်ရန် အသင့်ရှိသည်နှင့် အညီ လျှောက်လွှာ၌ မပြည့်စုံမှုများ၊ (မပြည်‌့စုံပါက ထပ်မံဆက်သွယ် တောင်းခံရမည်ဖြစ်ပါ၍) အချိန်ကုန်၊ စရိတ်ကုန်မှုများမှ နှစ်ဦးနှစ်ဘက် ရှောင်ရှားနိုင်စေရန်အတွက် ကိုယ်တိုင် ဆက်သွယ် စုံစမ်းဆောင်ရွက်ပါရန်၊ ပြည်‌့စုံသော လျှောက်လွှာများကိုသာ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ဆက်လက်ပေးပို့ နိုင်မည်ဖြစ်ပြီး၊ ခွင့်ပြုချက်/ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေး နိုင်မည်ဖြစ်ပါကြောင်း ကြိုတင် အသိပေး ဖော်ပြအပ်ပါသည်။ ( ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ )

နိုတြီကိစ္စ Notary Service

You are here: Home myanmar citizen services