ပြည်ပသို့ခရီးသွားရောက်မည့် မြန်မာနိုင်ငံသားများသို့ အသိပေးချက်

ပြည်ပသွားရောက်မည့် မြန်မာခရီးသွားများအတွက် သတိမူရမည့် အချက်အလက်များ

ယခုအခါ မြန်မာနိုင်ငံသားများသည် နိုင်ငံရပ်ခြားဒေသများသို့ စီးပွားရေးအခွင့်အလမ်းများ ရှာဖွေခြင်း၊ အလည်အပတ်ခရီး၊ ဘုရားဖူးခရီး အစရှိသည့် ပြည်ပခရီးသွားရောက်မှုများ ပိုမိုများပြား လျက်ရှိကြပြီး၊ ခရီးသွားအုပ်စုများအတွင်း ခါးပိုက်နှိုက်ခံရခြင်း၊ မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံး ခြင်းများ ကြုံရလေ့ရှိပါသည်။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံကူးလက်မှတ်ပျောက်ဆုံးခဲ့ပါက မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင် ထားသူ မြန်မာနိုင်ငံသားများ (ခရီးသွားများ/ သင်တန်းသားများ/ တာဝန်ဖြင့်သွားရောက်သူများ) အနေဖြင့် မြန်မာသံရုံးသို့ ဆက်သွယ်ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူ မြန်ဆန်စေရန်အတွက် အောက်ပါ အချက်အလက်များကို သိရှိထားရန် လိုအပ်မည်ဖြစ်ပါသည် –
(က) မြန်မာနိုင်ငံကူးလက်မှတ် မိတ္တူကူးထား၍ သီးသန့်သိမ်းထားရန် လိုအပ်ပါသည်။ ဖြစ်နိုင်က မိမိ၏ မြန်မာ နိုင်ငံကူးလက်မှတ်ကို အီလက်ထရောနစ်မိတ္တူ (Soft Copy) အနေဖြင့် မိမိ၏ email (သို့မဟုတ်) အခြားလုံခြုံစိတ်ချရသည့် အွန်လိုင်းတွင် ထိန်းသိမ်းထားနိုင်မည့် ဝက်ဘ်ဆိုက် (ဥပမာ – Google Drive)တွင် ထိန်းသိမ်းထားပါက ပိုမိုအဆင်ပြေစေမည် ဖြစ်ပါသည်။ ပျောက်ဆုံးကြောင်း လာရောက်တိုင်ကြားလျှင် မြန်မာနိုင်ငံကူးလက်မှတ်အမှတ် ထုတ်ပေးသည့်နေ့စွဲများလည်း လိုအပ်ပါသည်။
(ခ) ခါးပိုက်နှိုက်ခံရကြောင်း (သို့မဟုတ်) ပျောက်ဆုံးကြောင်းကို ပျောက်ဆုံးသည့်နေရာရှိ ရဲစခန်းသို့ တိုင်ကြားထားသည့် စာလိုအပ်ပါသည်။
(ဂ) လိုင်စင်ဓါတ်ပုံ(၃)ပုံ လိုအပ်ပါသည်။
ထို့အပြင် ခရီးသွားအေဂျင်စီများအနေဖြင့် ခရီးသွားမည့်နိုင်ငံအလိုက် မြန်မာသံရုံးလိပ်စာ၊ ဖုန်း အမှတ်များ ပေးထားသင့် ကြောင်း၊ သက်ဆိုင်ရာနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဌာနမှ မြန်မာနိုင်ငံကူး လက်မှတ်ဆိုင်ရာ အထောက်အထားများနှင့် စပ်လျဉ်း၍ မသဲကွဲခြင်း၊ စိစစ်မှု မရနိုင်ခြင်းများ ရှိလာပါက မြန်မာသံရုံးများသို့ ဆက်သွယ်သင့်ကြောင်းနှင့် သက်ဆိုင်ရာနိုင်ငံအလိုက် မြန်မာသံရုံး လိပ်စာများ၊ ဆက်သွယ်ရန်ဖုန်းအမှတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက် www.mofa.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
မြန်မာသံရုံးအခြေစိုက်ရာနိုင်ငံများရှိ မြန်မာသံရုံးများအနေဖြင့် အခက်အခဲ ကြုံတွေ့ရသူ မိမိနိုင်ငံသားများဖြစ်သည့် မြန်မာခရီး သွားများအတွက် ရုံးပိတ်ရက်များတွင်ပင် (C of I) ထုတ်ပေးခြင်းနှင့် လိုအပ်ပါက နေထိုင်စားသောက်ရေးတို့ကိုပါ ကူညီထောက်ပံ့ပေး လျက်ရှိပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေ ပြည် တော်

Goverment Websites
Embassy Websites

Contact Us

THE STATE OF KUWAIT

Villa # 35, Street 203, Block 2, Al-Salaam Area, South Surra, Kuwait.

Embassy Location Map

Embassy Photo

OFFICE HOURS: SUNDAY to THURSDAY from 8:00 to 14:00

Consular & Visa Hours: SUNDAY to THURSDAY from 9:00 to 13:00

(except Office Holidays)

ပုံမှန်ရုံးလုပ်ငန်းကိစ္စများအတွက် ရုံးဖွင်.ရက် ၌ ရုံးချိန်အတွင်း ဆက်သွယ်ပါရန်။

Announcement of Myanmar Embassy Facebook Account

HOT LINE NUMBERS (IN CASE OF EMERGENCY FOR MYANMAR CITIZENS)

+ 965 25240736

Hot Line 22215150 for Expat Worker in Kuwait (ဖတ်ရှုလေ့လာရန်။)

CURRENT TIME
အဂတိလိုက်စားမှုများ တိုင်ကြားရန်