Notary Attestation
နိုတြီထောက်ခံစာ လျှောက်ထားခြင်း
(က) ဘွဲ့လက်မှတ် နိုတြီထောက်ခံစာ လျှောက်ထားခြင်း
| (၁) ကိုယ်ရေးလျှောက်လွှာ(ကျိုးကြောင်းဖော်ပြရန်) (၂) လျှောက်ထားသူ၏ ကိုယ်ရေး အချက်အလက် |
| (၃) နိုင်ငံကူးလက်မှတ်မိတ္တူ |
| (၄) ဘွဲ့လက်မှတ် ကာလာမိတ္တူ |
| (၅) ထောက်ခံစာပြုလုပ်မည့် နိုတြီစာရွက် (မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာ နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ထောက်ခံချက် ပါရှိ ရမည် ဖြစ်ပြီး ၆ လအတွင်း သက်တမ်းရှိ ရပါမည်) |
| (၆) ကျသင့်ငွေ ကူဝိတ်ဒီနာ ၆ ဒီနာ |
(ခ) ကလေးမွေးစာရင်း နိုတြီထောက်ခံစာ လျှောက်ထားခြင်း
| (၁) ကိုယ်ရေးလျှောက်လွှာ (မိဘဖြစ်သူမှ ကျိုးကြောင်းရေးသားဖော်ပြရန်) (၂) ကလေးနှင့်မိဘနှစ်ဦး၏ ကိုယ်ရေးအချက်အလက် |
| (၃) မိဘနှစ်ဦး နိုင်ငံကူးလက်မှတ် ကာလာမိတ္တူ |
| (၄) မိဘနှစ်ဦး လက်ထပ်စာချုပ် ကာလာမိတ္တူ |
| (၅) ကလေးမွေးစာရင်း ကာလာမိတ္တူ |
| (၆) ကလေးမွေးစာရင်းနိုတြီ (မူရင်း) (မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာ နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ထောက်ခံချက် ပါရှိရမည် ဖြစ်ပြီး ၆ လအတွင်း သက်တမ်းရှိ ရပါမည်) |
| (၇)ကျသင့်ငွေ ကူဝိတ်ဒီနာ ၆ ဒီနာ |
(ဂ) လက်ထပ်စာချုပ် နိုတြီထောက်ခံစာ လျှောက်ထားခြင်း
| (၁) ကိုယ်ရေးလျှောက်လွှာ (ခင်ပွန်း/ဇနီးမှ ကျိုးကြောင်းရေးသားဖော်ပြရန်) (၂) ဇနီး၊ခင်ပွန်းနှစ်ဦး၏ ကိုယ်ရေးအချက်အလက် |
| (၃) ဇနီး၊ခင်ပွန်းနှစ်ဦး နိုင်ငံကူးလက်မှတ် ကာလာမိတ္တူ |
| (၄) ဇနီး၊ခင်ပွန်းနှစ်ဦး၏ လက်ထပ်စာချုပ် ကာလာမိတ္တူ |
| (၅) လက်ထပ်စာချုပ်နိုတြီ (မူရင်း) (မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာ နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ထောက်ခံချက် ပါရှိရမည် ဖြစ်ပြီး ၆ လအတွင်း သက်တမ်းရှိ ရပါမည်) |
| (၆) ကျသင့်ငွေ ကူဝိတ်ဒီနာ ၆ ဒီနာ |
(ဃ) Power of Attorney/ General Power/ Special Power ထောက်ခံစာ လျှောက်ထားခြင်း
| (၁) ကိုယ်စားလှယ်လွှဲစာအပေါ်တွင် သက်ဆိုင်ရာနိုင်ငံ တရားရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ထောက်ခံချက် ပါရှိရမည်။ |
| (၂) GP/ SP လွှဲအပ်သူမှ လက်မှတ်အား သံရုံးသို့ လာရောက်၍ သံအရာရှိ/ ကောင်စစ်အရာရှိ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးရမည်။ |
| (၃) လွှဲအပ်သူနှင့် လက်ခံသူ ကိုယ်ရေးလျှောက်လွှာ |
| (၄) လွှဲအပ်သည့်ကိစ္စအကြောင်းအရာ ကိုယ်ရေးစာ လျှောက်လွှာ လက်ခံသူနှင့် လွှဲအပ်သူ၏ နိုင်ငံကူးလက်မှတ်/နိုင်ငံသားစီစစ်ရေးကတ်/ ID Card ကာလာမိတ္တူ |
| (၅) ကျသင့်ငွေ ကူဝိတ်ဒီနာ ၆ ဒီနာ |
