မြန်မာသံအမတ်ကြီးက ကူဝိတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအား သွား ရောက်တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေးဆွေးနွေး

(၄-၈-၂၀၂၆၊ ကူဝိတ်)

ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမင်းသိမ်း သည် ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nawaf Abdullateef Sulaiman Al-Ahmad အား ၄-၈-၂၀၂၆ ရက် နံနက် ၁၁၀၀ နာရီတွင် ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာန၌ သွား ရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရှိရင်းစွဲကောင်းမွန်သောဆက်ဆံရေးနှင့် ပူးပေါင်းဆောင် ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက်ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြပြီး၊ မြန်မာသံအမတ်ကြီး က မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

Myanmar Ambassador discusses with Kuwait’s Assistant Foreign Minister on bilateral relations

(4 August 2026, Kuwait)

H.E. U Min Thein, Ambassador-designate of the Republic of the Union of Myanmar to the State of Kuwait met with Mr. Nawaf Abdullateef Sulaiman Al-Ahmad, Assistant Foreign Minister for Asia Affairs of the Ministry of Foreign Affairs of the State of Kuwait, at the Ministry of Foreign Affairs on 4 August 2026 at 1100 hrs.

During the meeting, they discussed and exchanged views to further enhance existing friendly relations and cooperation between Myanmar and Kuwait. Myanmar Ambassador also briefed the Assistant Foreign Minister on the recent developments in Myanmar.