သံအမတ်ကြီး ဦးမင်းသိမ်း ကူဝိတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့် တွေ့ဆုံ

(၁၂-၁၀-၂၀၂၆၊ ကူဝိတ်)

ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် ကူဝိတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး Ms. Ghada Hatim Eltahir နှင့် ၁၂-၁၀-၂၀၂၆ ရက် ၁၀၀၀ နာရီတွင် ကူဝိတ်မြို့ရှိ United Nations House ၌ တွေ့ဆုံခဲ့သည်။
ယင်းသို့တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးက ကူဝိတ်နိုင်ငံတွင် မြန်မာသံရုံး၏ ဦးစားပေး ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ဌာနေညှိနှိုင်းရေးမှူး ကလည်း လူငယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များ (SDGs) အပါ အဝင် ကူဝိတ်နိုင်ငံရှိ ကုလသမဂ္ဂ၏ လုပ်ငန်းများနှင့် အစီအစဉ်များအကြောင်း မျှဝေပြော ကြားခဲ့ သည်။
ထို့အပြင် သံအမတ်ကြီးက မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်းစာနာ ထောက်ထား မှုဆိုင်ရာ လုပ်ငန်းများတွင် ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုများ အပေါ်ကျေးဇူး တင်ရှိကြောင်း နှင့် ကူဝိတ်နိုင်ငံတွင် ကုလသမဂ္ဂအဖွဲ့အစည်းများက စီစဉ်ကျင်းပ သည့်အစီအစဉ် များ၌ မြန်မာသံရုံးအနေဖြင့် အခြားသံရုံးများနှင့်အတူ ဆက်လက်ထောက်ခံပါဝင် သွားမည် ဖြစ်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်။

————

Myanmar Ambassador Meets United Nations Resident Coordinator in Kuwait

(12 October 2026, Kuwait)

H.E. U Min Thein, Ambassador of the Republic of the Union of Myanmar to the State of Kuwait, met with Ms. Ghada Hatim Eltahir, United Nations Resident Coordinator to the State of Kuwait, at the United Nations House in Kuwait City on 12 October 2026 at 1000 hrs.
During the meeting, the Myanmar Ambassador briefed the Resident Coordinator on the Embassy’s priorities in Kuwait, while Ms. Ghada Hatim Eltahir shared information on the United Nations’ activities in Kuwait, particularly in the areas of youth development and the Sustainable Development Goals.
In addition, the Ambassador expressed appreciation for the assistance and contributions of UN agencies to Myanmar’s development and humanitarian efforts. He also stated that the Myanmar Embassy, together with other diplomatic missions in Kuwait, would continue to support and participate in events organized by UN agencies in Kuwait.