သံအမတ်ကြီး ဦးမင်းသိမ်း ကူဝိတ်ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း လက် ထောက်ညွှန်ကြားရေးမှူးချုပ်နှင့် တွေ့ဆုံ
(၂၀-၁၀-၂၀၂၆၊ ကူဝိတ်)
ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် ကူဝိတ် ကုန်သည်ကြီးများ နှင့် စက်မှုလုပ်ငန်းရှင်များအသင်း လက်ထောက်ညွှန်ကြားရေးမှူးချုပ် Mr. Abdulaziz Al-Salem အား ၂၀-၁၀-၂၀၂၆ ရက် ၁၀၀၀ နာရီတွင် ကူဝိတ်မြို့ ကုန်သည်ကြီးများ နှင့် စက်မှု လုပ်ငန်းရှင်များအသင်းရှိ ၎င်း၏ရုံးခန်း၌ သွားရောက်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကူဝိတ်နိုင်ငံတို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ဆိုင်ရာ လက်ရှိပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ ယင်းအခြေအနေများကို ပိုမိုတိုးတက် ခိုင်မာစေမည့် နည်းလမ်းများကို ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြသည်။
မြန်မာသံအမတ်ကြီးက ကူဝိတ်သို့ မြန်မာနိုင်ငံမှ လယ်ယာနှင့် ရေထွက်ကုန်များ ပိုမို တင်ပို့နိုင်ရေး၊ ကူဝိတ်မှ မြန်မာနိုင်ငံသို့ ရေနံထွက်ကုန်များတင်သွင်းနိုင်ရေး၊ မြန်မာနိုင်ငံ၌ ရင်းနှီးမြုပ်နှံမှုများ လာရောက်ပြုလုပ်ရေး၊ မြန်မာ-ကူဝိတ် နှစ်နိုင်ငံ ကုန်သည်ကြီးများနှင့် စက် မှုလုပ်ငန်းရှင်များအသင်းတို့အကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စများကို ဆွေးနွေးပြော ကြားခဲ့သည်။
———
Myanmar Ambassador meets Assistant Director-General of the Kuwait Chamber of Commerce and Industry (KCCI)
(20 October 2026, Kuwait)
H.E. U Min Thein, Ambassador of the Republic of the Union of Myanmar to the State of Kuwait, met with Mr. Abdulaziz Al-Salem, Assistant Director General of the Kuwait Chamber of Commerce and Industry (KCCI) at the KCCI headquarters in Kuwait City on 20 October 2026 at 1000 hrs.
During the meeting, both sides exchanged views on ongoing economic and trade cooperation between Myanmar and Kuwait and discussed ways and means to further strengthen and enhance bilateral cooperation in these areas.
The Ambassador highlighted potentials for increasing Myanmar’s exports of agricultural and fishery products to Kuwait, exploring opportunities for importing petroleum products from Kuwait into Myanmar, promoting investment opportunities in Myanmar for Kuwaiti businesses and investors, and strengthening cooperation between the chambers of commerce and industry of the two countries to further enhance bilateral trade and economic relations.