Notice for Myanmar Citizen Services

မြန်မာသံရုံး၊ ကူဝိတ်မြို့မှ ဆောင်ရွက်ပေးလျှက်ရှိသော မြန်မာနိုင်ငံသားအကျိုးဆိုင်ရာကောင်စစ်ကိစ္စရပ်များ
 
မြန်မာသံရုံး၊ ကူဝိတ်မြို့အနေဖြင့် မြန်မာနိုင်ငံသားအကျိုးဆိုင်ရာ ကိစ္စရပ်များအပါအဝင် ကောင်စစ်လုပ်ငန်းများကို နေ့စဉ်ရုံးဖွင့်ရက် တနင်္ဂနွေနေ့မှ ကြာသပတေးနေ့အထိ နံနက် ၀၈၃၀ နာရီမှ ညနေ ၁၃၀၀ နာရီအထိ ဆောင်ရွက်ပေးလျှက်ရှိပါသည်။ မြန်မာသံရုံးမရှိသည့် အခြားပင်လယ် ကွေ့နိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအနေဖြင့်လည်း ကောင်စစ်လုပ်ငန်း များကို ဆက်သွယ်ဆောင်ရွက်လိုပါက နိုင်ငံတကာစာပို့စနစ်ဖြင့် လက်ခံဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း အသိပေးကြေညာအပ်ပါသည်။
မြန်မာသံရုံး၊ ကူဝိတ်မြို့မှ ဆောင်ရွက်ပေးလျက်ရှိသည့် နိုင်ငံကူးလက်မှတ်ဆိုင်ရာကိစ္စရပ် များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
စဉ် အကြောင်းအရာ ကောက်ခံငွေ
၁။ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားခြင်း ကူဝိတ်ဒီနာ ၁၃
၂။ နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ပျက်ဆီးများအတွက်အသစ်ပြန်လည် လျှောက်ထားခြင်း ကူဝိတ်ဒီနာ ၄၇
၃။ ပြည်ပတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများမှ မွေးဖွား သောကလေးများအတွက် နိုင်ငံကူးလက်မှတ် (မွေးတိုး) လျှောက် ထားခြင်း ကူဝိတ်ဒီနာ ၁၃
၄။ နိုင်ငံကူးလက်မှတ်အမျိုးအစား ပြောင်းလဲခြင်းနှင့် အမည်ဖြည့်စွက် ခြင်း ကူဝိတ်ဒီနာ ၁၃
၅။ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံကတ်ပြား (Certificate of Identity – C of I) လျှောက်ထားခြင်း ကူဝိတ်ဒီနာ ၁၃

၁။ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားခြင်း

(၁)ကိုယ်ရေးလျှောက်လွှာ
(၂) လျှောက်ထားသူ၏ ကိုယ်ရေး အချက်အလက်
(ဓါတ်ပုံ ၂ ပုံ၊ 35 mm x 45 mm, 600 Resolutions ၊ ၆ လ အတွင်း ရိုက်ကူးထားပြီး၊ မျက်နှာသည် ဓါတ်ပုံ၏ ၈၀% ရှိ၍ နောက်ခံ အဖြူရောင် ဖြစ်ရပါမည်
(၃) လျှောက်ထားသူ၏ ဓာတ်ပုံ၊ လက်ဗွေနှင့် လက်မှတ်
(၄) နိုင်ငံကူးလက်မှတ် မူရင်း ( သက်တမ်း ၆ လ ကျန်ရှိသူများသာ)
(၅) ရောက်ရှိနိုင်ငံမှ ထုတ်ပေးထားသော အထောက်အထားကတ်မိတ္တူ
(၆) မြန်မာနိုင်ငံသားစိစစ်ရေးကတ်မိတ္တူ
(၇) သန်းခေါင်စာရင်းမိတ္တူ
(၈)ကျသင့်ငွေ ကူဝိတ်ဒီနာ ၁၃ ဒီနာ

• PV မှ PJ သို့ ပြောင်းလဲလျှောက်ထားသူများသည် ကိုယ်ရေးလျှောက်လွှာတစ်စောင် ရေးသား၍ မည်သည့်အလုပ်ကို လုပ်ကိုင်လျှက်ရှိကြောင်းနှင့် အနီးဆုံး (၃)လတွင်လစာဝင်ငွေမည်မျှ ရရှိ ကြောင်း အလုပ်လုပ်ကိုင်နေသော ကုမ္ပဏီ/အဖွဲ့အစည်း၏ ထောက်ခံချက် (သို့) စာချုပ်ပူးတွဲ တင်ပြရမည်။
• PJ အမျိုးအစား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများသည် သက်တမ်းတိုးသည့် အခါ OWIC ကတ်ရှိပါက ပူးတွဲတင်ပြရန်နှင့် မရှိပါက မြန်မာနိုင်ငံသို့ ခွင့်ပြန်သည့် အခါ မဖြစ်မနေ လျှောက်ထားရပါမည်။
• နိုင်ငံကူးလက်မှတ်သက်တမ်းတစ်နှစ်အထက် ကျန်သူများအတွက် သက်တမ်းကျန် ဒဏ်ကြေး ကူဝိတ်ဒီနာ ၁၅ ဒီနာ ပေးဆောင်ရမည်။
• သက်တမ်းလွန် နိုင်ငံကူးလက်မှတ်များ သက်တမ်းလွန်ဒဏ်ကြေး ကူဝိတ်ဒီနာ ၃၄ ဒီနာ ပေး ဆောင်ရပါမည်။ ခြောက်လအထက် သက်တမ်းလွန်ပါက မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေး ရေးအဖွဲ့သို့ ခွင့်ပြုချက်ရယူဆောင်ရွက်ရပါမည်။ ၂၀၁၂ ခုနှစ် မတိုင်ခင်ကတည်းက သက်တမ်း ကုန်ဆုံးထားပါက လစာ ဝင်ငွေအတိုင်း အခွန်ပေး ဆောင်ရမည် ဖြစ်ပါသည်။
• နိုင်ငံကူးလက်မှတ်သက်တမ်းတိုးသည့်အခါ နိုင်ငံကူးလက်မှတ်အမျိုးအစားပြောင်းလဲလိုပါက သီးခြားလျှောက်လွှာဖြင့်ဖော်ပြလျှောက်ထားရမည်။

၂။ နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ပျက်ဆီးများအတွက် အသစ်ပြန်လည် လျှောက်ထားခြင်း

(၁) ကိုယ်ရေးလျှောက်လွှာ (ကျိုးကြောင်းဖော်ပြရန်)
(၂) လျှောက်ထားသူ၏ ကိုယ်ရေး အချက်အလက်
(ဓါတ်ပုံ ၂ ပုံ၊ 35 mm x 45 mm, 600 Resolutions ၊ ၆ လ အတွင်း ရိုက်ကူးထားပြီး၊ မျက်နှာသည် ဓါတ်ပုံ၏ ၈၀% ရှိ၍ နောက်ခံ အဖြူရောင်ဖြစ်ရပါမည်
(၃) လျှောက်ထားသူ၏ ဓာတ်ပုံ၊ လက်ဗွေနှင့် လက်မှတ်
(၄) နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ပျက်စီး မိတ္တူ
(၅) ရောက်ရှိနိုင်ငံမှ ထုတ်ပေးထားသော နေထိုင်ခွင့်အထောက်အထားကတ်မိတ္တူ
(၆) မြန်မာနိုင်ငံသား စီစစ်ရေးကတ်မိတ္တူ
(၇) အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ
(၈) ပျောက်ဆုံးကြောင်း ရဲစခန်းထောက်ခံစာနှင့် ကုမ္ပဏီထောက်ခံစာ
(၉) ကျသင့်ငွေ ကူဝိတ်ဒီနာ ၄၇ ( ဒဏ်ကြေး ၃၄ + ၁၃ နိုင်ငံကူးလက်မှတ်စာအုပ်ခ)

နိုင်ငံကူးလက်မှတ်ပျောက်ဆုံး/ ပျက်စီးများအတွက် မြန်မာနိုင်ငံရှိ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးအဖွဲ့သို့ တင်ပြရမည် ဖြစ်ပါသဖြင့် အချက်အလက် ပြည့်စုံစွာ ဖြင့် လျှင်မြန်စွာ လျှောက်ထားကြရန် နိုးဆော်အပ်ပါသည်။

၃။ ပြည်ပတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများမှ မွေးဖွား သော ကလေးများအတွက် နိုင်ငံကူးလက်မှတ် (မွေးတိုး) လျှောက်ထားခြင်း

(၁) ကိုယ်ရေးလျှောက်လွှာ (ဓါတ်ပုံ ၂ ပုံ၊ 35 mm x 45 mm, 600 Resolutions ၊ ၆ လ အတွင်း ရိုက်ကူးထားပြီး၊ မျက်နှာသည် ဓါတ်ပုံ၏ ၈၀% ရှိ၍ နောက်ခံ အဖြူရောင် ဖြစ်ရပါမည် )
(၃) ကလေး၏ ဓာတ်ပုံနှင့် လက်ဗွေ
(၄) ကလေးမွေးစာရင်းလက်မှတ် ကာလာမိတ္တူ (သက်ဆိုင်ရာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ထောက်ခံချက်နှင့်အတူ )
(၅) မိဘနှစ်ဦး၏ ကိုယ်ရေးအချက်အလက်နှင့် နိုင်ငံကူးလက်မှတ်မိတ္တူ
(၆) မိဘနှစ်ဦး၏ လက်ထပ်စာချုပ်မိတ္တူ နှင့် အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ
(၇) ကျသင့်ငွေ ကူဝိတ်ဒီနာ ၁၃ ဒီနာ

မှတ်ချက်။ နိုင်ငံခြားသားနှင့် လက်ထပ်၍ မြန်မာအမျိုးသမီးမှ မွေးဖွားသော ကလေးအား မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားပါက ဖခင်ဖြစ်သူ ၏ နိုင်ငံသံရုံးမှ ကန့်ကွက်ရန် မရှိကြောင်း စာအား ပူးတွဲတင်ပြရန် လိုအပ်သည်။
နိုင်ငံကူးလက်မှတ်(မွေး/တိုး) ထုတ်ပေးရန်အတွက် ခွင့်ပြုချက်အား မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးအဖွဲ့သို့ တင်ပြရသည် ဖြစ်ပါသဖြင့် လျှောက်ထားသူများ အနေဖြင့် အချက်အလက် ပြည့်စုံစွာဖြင့် လျှင်မြန်စွာ လျှောက်ထားကြရန် တိုက်တွန်း အပ်ပါသည်။
ခွင့်ပြုချက်ရရှိရန် လအနည်းငယ် အချိန်ယူရမည်ဖြစ်ပါသဖြင့် အရေးတကြီး ခရီးသွားရန် လိုအပ်ပါက မိခင်ဖြစ်သူ၏ နိုင်ငံကူးလက်မှတ်တွင် ကလေးငယ်အား ပူးတွဲပေးပါရန် သံရုံးသို့ လျှောက်ထားနိုင် သည်။ သံရုံးမှ တောင်းခံသည့် အခြားလိုအပ်သည့် စာရွက် စာတမ်းများအား တင်ပြနိုင်ရမည်။

၄။ နိုင်ငံကူးအမျိုးအစားပြောင်းလဲခြင်းနှင့် အမည်ဖြည့်စွက်ခြင်းအတွက် လျှောက်ထားခြင်း

(၁) ကိုယ်ရေးလျှောက်လွှာ (ကျိုးကြောင်းဖော်ပြရန်)
(၂) လျှောက်ထားသူ၏ ကိုယ်ရေး အချက်အလက်
(ဓါတ်ပုံ ၂ ပုံ၊ 35 mm x 45 mm, 600 Resolutions ၊ ၆ လ အတွင်း ရိုက်ကူးထားပြီး၊ မျက်နှာသည် ဓါတ်ပုံ၏ ၈၀% ရှိ၍ နောက်ခံ အဖြူရောင်ဖြစ်ရပါမည်
(၃) လျှောက်ထားသူ၏ ဓာတ်ပုံ၊ လက်ဗွေနှင့် လက်မှတ်
(၄) နိုင်ငံကူးလက်မှတ်မိတ္တူ၊ မူရင်း
(၅) ရောက်ရှိနိုင်ငံမှ ထုတ်ပေးထားသော နေထိုင်ခွင့်အထောက်အထားကတ်မိတ္တူ
(၆) မြန်မာနိုင်ငံသား စီစစ်ရေးကတ်မိတ္တူ
(၇) အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ
(၈) ကျသင့်ငွေ နိုင်ငံကူးလက်မှတ်စာအုပ်ခ ၁၃ ဒီနာ+ နှစ်ကျန်ဒဏ်ကြေးတစ်နှစ်လျင်ကူဝိတ်ဒီနာ ၁၀

နိုင်ငံကူးလက်မှတ်အမျိုးအစားပြောင်းလဲခြင်းနှင့် အမည်ဖြည့်စွက်ခြင်းများအတွက် လျှောက်ထား နိုင်ပါသည်။ အမည်ဖြည့်စွက်ခြင်းကိစ္စရပ်အား သံရုံးမှ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့သို့ ဆက်လက်ရည်ညွှန်း ပေးပို့၍ ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ပါ၍ ကြိုတင်လျှောက်ထားရန်လိုအပ်ပါ သည်။ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၏ ခွင့်ပြုချက်ရရှိပြီးမှသာ ဆောင်ရွက်ပေးနိုင်ပါ သည်။

၅။ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်ပြား( Certificate of Identity – C of I) လျှောက်ထားခြင်း

ပြည်ပတွင် အလုပ်လုပ်ကိုင်နေထိုင်စဉ်အတွင်း နိုင်ငံကူးလက်မှတ်ပျောက်ဆုံးပါက မည်သူမည်ဝါဖြစ် ကြောင်း သက်သေခံကတ်ပြား (Certificate of Identity- C of I) လျှောက်ထားနိုင်ပါသည်။

(၁) ကိုယ်ရေးလျှောက်လွှာ(ကျိုးကြောင်းဖော်ပြရန်)
(၂) လျှောက်ထားသူ၏ ကိုယ်ရေး အချက်အလက်
(ဓါတ်ပုံ ၂ ပုံ၊ 35 mm x 45 mm, 600 Resolutions ၊ ၆ လ အတွင်း ရိုက်ကူးထားပြီး၊ မျက်နှာသည် ဓါတ်ပုံ၏ ၈၀% ရှိ၍ နောက်ခံ အဖြူရောင် ဖြစ်ရပါမည်
(၃) နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ပျက်စီး မိတ္တူ
(၄) ရောက်ရှိနိုင်ငံသို့ ဝင်ရောက်လာသည့် ဗီဇာအမျိုးအစား၊ ဗီဇာစာမျက်နှာ
(၅) မြန်မာနိုင်ငံသား စီစစ်ရေးကတ်မိတ္တူ
(၆) အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ
(၇) ပျောက်ဆုံးကြောင်း ရဲစခန်းထောက်ခံစာနှင့် ကုမ္ပဏီထောက်ခံစာ
(၈) ကျသင့်ငွေ ကူဝိတ်ဒီနာ ၁၅

မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ ကတ်ပြား (Certificate of Identity- C of I) လျှောက်ထား ရာတွင် ပျောက်ဆုံးနိုင်ငံကူးလက်မှတ်သည် သက်တမ်းကုန်လွန်ထား ခြင်း မရှိခြင်းနှင့် နေထိုင်ခွင့် ဗီဇာမှာလည်း သက်တမ်းကုန်လွန်ထားခြင်း မရှိပါက C of I အား သံရုံးမှ ထုတ်ပေးနိုင်ပါသည်။ သတ်မှတ် ချက်များ မပြည့်စုံပါက ခွင့်ပြုချက်အား မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့သို့ တင်ပြရမည် ဖြစ်ပါ သဖြင့် လအနည်းငယ် အချိန်ယူရမည် ဖြစ်ပါသည်။

C of I ဖြင့် ရောက်ရှိနိုင်ငံမှ ထွက်ခွာခြင်းသည် နောင်တချိန်ပြန်လည်ဝင်ရောက်ရာ၌ အခက်အခဲများ ဖြစ်နိုင်ပြီး အချို့နိုင်ငံများတွင် (၅)နှစ်အထိ ဝင်ရောက်ခွင့် တားမြစ် ထားခြင်းများ ရှိပါသဖြင့် ရောက်ရှိနိုင်ငံ၏ မူဝါဒနှင့် အဆိုပါ ထိခိုက်မှုမျိုး မဖြစ်စေရန် လိုအပ်သော စာရွက်စာတမ်းများအား ကြိုတင်ပြင်ဆင်ဖြည့်ဆည်းထားရန် သတိပေး အပ်ပါသည်။

Goverment Websites
Embassy Websites

CURRENT TIME
အဂတိလိုက်စားမှုများ တိုင်ကြားရန်