မြန်မာနိုင်ငံတွင် ၂၈-၃-၂၀၂၅ ရက်နေ့၌ လှုပ်ခတ်ခဲ့သည့် အင်အားပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံး ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး အဆောက်အဦ နှင့် နေအိမ်များ၊ လမ်းတံတားများ ထိခိုက်ပျက်စီးခဲ့ရပါသည်။ သို့ဖြစ်ရာ သက်ဆိုင်ရာတာဝန် ရှိသူများအနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အရေးပေါ်လုပ်ကိုင်လျက်ရှိပြီး၊ ပြန် လည်ထူထောင်ရေးကိစ္စများကို လုပ်ဆောင်လျက်ရှိပါသည်။

သို့ဖြစ်ရာ ကူဝိတ်နိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများမှ မြန်မာနိုင်ငံရှိ ငလျင်ဒဏ် ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများအတွက် အလှူငွေများနှင့် လူသားချင်းစာနာ ထောက်ထားသည့်အကူအညီများပေးအပ်လိုပါက မြန်မာသံရုံး၊ ကူဝိတ်မြို့သို့ အောက်ပါ လိပ်စာမှတစ်ဆင့် ပေးအပ်လှူဒါန်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်-

EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR
VILLA#35, ST.203, BLOCK 2, AL-SALAAM AREA, SOUTH SURRA, KUWAIT
Tel: 00 (965) 2524 0736, 2521 6869
Fax: 00 (965) 2524 0749
Mobile: +956 60950149
E-mail: [email protected]

မြန်မာသံရုံး၊ ကူဝိတ်မြို့။
ရက်စွဲ၊ ၂၀၂၅ခုနှစ်၊ မတ်လ ၂၉ ရက်